ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၇၅)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ​ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၇၅)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ​ဆက်လက်ဖြေဆို




ပဲခူး  မတ်  ၁၀

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဝင်ရောက် ဖြေဆိုလျက်ရှိသည်။


၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့၌ စတင်ကျင်းပခဲ့ရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် သင်္ချာဘာသာရပ်ကို ဖြေဆိုခဲ့ကြရာ ပဲခူး(အ​ရှေ့)၌ စာစစ်ဌာန(၃၂)ခု၌ စာရင်းရှိ(၆၉၈၁)ဦး၊ ဖြေဆိုသူ(၆၃၁၉)ဦးဖြေဆိုသည့်ရာခိုင်နှုန်း(၉၀၅၂)၊ ပဲခူး(အ​နောက်)၌ စာစစ်ဌာန(၄၃)ခု၊ စာရင်းရှိ (၆၆၄၉)ဦး၊ ​ဖြေဆိုသူ(၆၀၆၈)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၁.၂၆)ဖြစ်ပြီး တိုင်းချုပ်အ​နေဖြင့် စာစစ်ဌာန(၇၅)ခု၊ စာရင်းရှိ(၁၃၆၃၀)ဦး၊ ​ဖြေဆိုသူ(၁၂၃၈၇)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၉၀.၈၈)ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။


ကိုတွတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)