ချောက်မြို့​ရှိ ဆေးဆိုင်များအား မကွေးတိုင်း​ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့​ရှိ ဆေးဆိုင်များအား မကွေးတိုင်း​ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ကွင်းဆင်းစစ်ဆေး


​MNP ၊ မတ်  ၁၀

မ​ကွေးတိုင်း​ဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်းတာဝန်ခံ ​ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်​​သောအဖွဲ့သည်  ​ချောက်မြို့တွင် ရောင်းချလျက်ရှိသည့် ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 


ဆေးဆိုင်များ စစ်ဆေးရာတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ/မရှိ၊  အများပြည်သူများ သုံးစွဲနေရသောဆေးဝါးများ အရည်အသွေး ပြည့်မှီကောင်းမွန်စေရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice GPP) နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများသိုလှောင်ရာတွင် ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဉ် (Good Storage Practice GSP) နှင့်အညီ သိုလှောင်ရောင်းချခြင်းရှိ/မရှိ ဆေးဆိုင်လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် စစ်ဆေး ဆောင်ရွက်ခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်​ဆေးမှုအား မ​ကွေးတိုင်း​ဒေသကြီး (FDA) မှ တိုင်းတာဝန်ခံ ဒေါက်တာ စိုင်းမင်းသူထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ဒုတိယခရိုင်မှူး ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်မျိုးဆွေ၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးသန့်ဇင်ထူး၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်​ဌေး၊ အမျိုးသမီးကျန်းမာ​ရေးဆရာမ​ ဒေါ်စုစု​​​ထွေးတို့ ပူးပေါင်း၍ ​ဆောင်ရွက်ခဲ့ခြင်း​ဖြစ်ကြောင်း သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)