MNP ၊ မတ် ၁၀
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ တိုင်းရေးဆေးအကြောင်းသိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီက ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကု ဌာနမှလက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းကေသီသိန်းက တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များတွင်ပါဝင်သည့် တိုင်းရေးဆေးဝါးဥပဒေအရ “တားမြစ်ချက်များ”၊ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်း၊ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင်သတိပြုရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို Online မှ တဆင့် အစဥ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment