ရသေ့တောင်မြို့နယ်ရုံး (Community Centre)ခန်းမ၌ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်​ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်ရုံး (Community Centre)ခန်းမ၌ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်​ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယမနေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရ‌သေ့တောင်မြို့ နယ်ရုံးမှ ဒုတိယဦးစီးမှုး ဒေါ်တင်ဇာဦးက ငွေစာ ရင်းထိန်းသိမ်းနည်းလက်စွဲမှ စာရင်းနှင့်ငွေကြေးဆိုင်ရာကိစ္စများ ဆောင်ရွတ်ရာတွင် မြို့နယ်ဦးစီးမှုးများလိုက်နာရမည့်အချက်များ၊မှတ်တမ်းများထိန်းသိမ်းထားရှိခြင်း၊လစဉ်စာရင်းများကိုထိန်းသိမ်းရာ၌ဤနည်းဥပဒေတွင်အထူးဖော်ပြချက်မရှိလျှင် ပေးချေရန် Voucher များကိုမူရင်းတစ်ခုသာပြင်ဆင်ပြီးငွေထုတ်သူအရာရှိကလက်မှတ်အရှည်ရေထိုးထားရမည်စသော ငွေစာ ရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ ငွေကြေးကိစ္စ အဝဝတို့ကို မှတ်တမ်းတင်ခြင်းတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)