MNP ၊ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေ ဗဟု သုတ ပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး စာဖတ်ရှိန်မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေးရည်ရွယ်၍ အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေး ပွဲများကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးမှ ဒေါက်တာကျော်သူလင်းက ကျန်းမာသန့်ရှင်း ရောဂါ ကင်းဝေးရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှုများအား လည်းကောင်း၊ မိုးမှိုင်း (ပြင်ဦးလွင်)က ယဉ်ကျေးလိမ္မာရေး အသိပညာပေးမှုများအားလည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ကြူက လူကုန်ကူးမှုသားကောင် မဖြစ်စေရေး ကလေးငယ်များ သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်များအား လည်းကောင်း၊ ဦးအောင်သူ (Sky Net)က ကိုးကွယ်ယုံကြည်မှုနှင့် ထားရှိရမည့် အကျင့်စာရိတ္တများ သိကောင်းစရာများအား အသီးသီး ဆွေးနွေး ဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၃) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည် ဖြစ်ပြီး ဆွေးနွေး ဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ၊ ပန်းချီ၊ အားကစား၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု၊ လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်း အချက်အလက်ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာ စာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာများ စသည်တို့အားရင်းနှီးနားလည် သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့စိတ်ဝင်စားရာ ဘာသာရပ်များကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိ စေမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကျောင်းသားလူငယ်များအချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းအစီအစဉ်များအပြင် ဦးဆောင်နွေးနွေးသူများနှင့် ကျောင်း သား/သူများ အပြန်အလှန် မေးမြန်း/ဖြေကြားပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေဗဟုသုတများ တိုးပွါးလာစေမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်
https://t.me/MyanmarNationalPost
No comments:
Post a Comment