မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ကျင်းပ




MNP ၊ မတ် ၃၁

နွေဦးပွင့်လင်းရာသီတွင် ရှမ်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်ရှိ မိုင်းပုတ်ဘုန်းတော်ကြီးကျောင်းဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းလူမျိုးတို့၏ဓလေ့ အစဉ်အလာများနှင့်အတူ ရှမ်းရိုးရာစုပေါင်းရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရှေးမူရှေးဓလေ့မပျက် နှစ်စဉ်တပေါင်း လဆန်းမှ တန်းခူးလအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 


ရှမ်းရိုးရာ စုပေါင်းရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးချိန် ဆောင်းအကုန်နွေအကူး မိုးလေကင်းလွတ်ချိန်တွင် စတင်ကျင်းပရာ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းပုတ်ကျောင်းဆရာတော်ဘုရားထံ ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ အဆိုပါပွဲတော်တွင် ရှင်သာမဏေလောင်း(၁၆)ပါးကို အလှဆင်ပြီး ပုခုံးပေါ်ထမ်း၍ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်များဖြင့် ပျော်ပျော်ရွင်ရွင် ဆင်နွဲခဲ့ကြသည်။ ရှင်လောင်းပွဲတော်ကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ လေးရက်တာ ဖိတ်ကြားထားသော ဒေသခံပြည်သူများသာမက ရပ်ဝေး၊ ရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးကြပြီး ယမန်နေ့ညနေ ၄ နာရီတွင် အလှဆင်ထားသည့် ရှင်သာမဏေလောင်းများ အလှူဒါယကာ/ဒါယိကာမများတို့က ရှမ်းရိုးရာဝတ်စုံများဝတ်ဆင်၍ လှူဖွယ်ဝတ္တုပစ္စည်းများကိုင်ဆောင်ကာ  ပဒေသာပင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းအိုးစည်ဗုံမောင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ပေါ်ရပ်ကွက်အတွင်း အလှူလှည့်လည်ကြပြီး ယနေ့နေ့လယ်(၂)နာရီ မိုင်းပုတ်ဘုန်းတော်ကြီးကျောင်းတွင် ရှင်သာမဏေလောင်းများအား ရှင်သာ မဏေအဖြစ် ရဟန်းဘဝသို့ သွပ်သွင်း၍ ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များထံတွင် ရတနာ သုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြမည်ဖြစ်ကြောင်း သိရသည်။    


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)