မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊ မတ် ၃၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုဥက္ကဋ္ဌ ဦးဉာဏ်သောင်းမှအဖွင့် အမှာစကားပြောကြားပြီး အကြီးတန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ အငယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးအဖွဲ့မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အခြေခံပန်းချီသင်တန်းသို့ တက်ရောက်လာကြသော ကျောင်းသား/ သူလေးများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။


ဆက်လက်၍ အခြေခံပန်းချီသင်တန်းတွင် လာရောက်သင်ကြားပေးသောနည်းပြဆရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးညွှန့်နိုင်က ဂုဏ်ပြုငွေပေးအပ်ခဲ့ရာ သင်တန်းနည်းပြဆရာတစ်ဦးမှ လက်ခံရယူခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/သူများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


စည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)