လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီသင်တန်းများသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီသင်တန်းများသင်တန်းဆင်းပွဲကျင်းပ





MNP ၊ မတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး၊​ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်သူဇာဝင်း(စာရေးဆရာမ ခင်လယ်လယ်ချစ်) က လူငယ်များအတွက် သင်တန်းများဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး ဂျူဒိုသင်တန်းနည်းပြဆရာ ဦးထွန်းထွန်းနိုင်က သင်တန်းတွင်ပို့ချခဲ့သည့် ဘာသာရပ်များအကြောင်းနှင့် မိမိတို့တတ်မြောက်ထားသည့် အဆင့်တွင်ရပ်တန့်မနေဘဲ ဆက်လက်လေ့ကျင့်ကြိုးစားသွားကြရန်မှာကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးခင်မောင်ထွေးက ဂျူဒိုနည်းပြဆရာ ဦးထွန်းထွန်းနိုင် အားလည်းကောင်း၊ မြို့နယ်ဦးစီးမှူးက အင်္ဂလိပ်စာနည်းပြဆရာမဒေါ်စန္ဒာရွှေနှင့် ပန်းချီနည်း ပြဆရာဦးကိုကိုတာတို့အားလည်းကောင်း ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူးဒေါ်ဝေကြည်စန်းအောင်က သင်တန်းများဖွင့်လှစ်ရာတွင် အဖက်ဖက်မှ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်စကားပြောကြားသည်။


လယ်ဝေးမြို့နယ်ရုံး Community Centreတွင် အခြေခံအင်္ဂလိပ်စာ(Grammar & Speaking) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့အား မတ် လ၇ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံဂျူဒိုသင်တန်းကို မတ်လ၁၇ ရက်တွင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)