ငါန်းဇွန်မြို့၌ Fitness Dance သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါန်းဇွန်မြို့၌ Fitness Dance သင်တန်းဆင်းပွဲကျင်းပ



MNP ၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မတ်လ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော Fitness Dance သင်တန်းကို ယမန်နေ့ညနေ ၅နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက Fitness Dance အားကစားသည် ကျန်းမာရေးအတွက်  အထောက်အကူဖြစ်စေသည့်အပြင် အုပ်စုဖွဲ့အားကစားမျိုးဖြစ်ပြီး အုပ်စုလိုက် ညီညွတ်မှုဖြင့် ယခုလို စိတ်ဝင်စားစွာ ကြိုးစားသင်ယူခဲ့ကြသော သင်တန်းသားများကို အထူးကျေးဇူးတင်ရှိကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် အားကစားနည်းပြဆရာမ ဒေါ်မို့မို့စံအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သင်တန်းသား (၂၆)ဦးတို့က Fitness Dance အားကစားဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။


သက်နောင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)