ပေါက်တောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးလုပ်ငန်းဆိုင်ရာချေးငွေ ကျပ်သန်း(၆၀)အား ဆင်တက်မော်ကျေးရွာအရောက် ရေလုပ်သားများထံသို့ ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးလုပ်ငန်းဆိုင်ရာချေးငွေ ကျပ်သန်း(၆၀)အား ဆင်တက်မော်ကျေးရွာအရောက် ရေလုပ်သားများထံသို့ ထုတ်ချေးပေး



MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊မွေးမြူရေး၊ငါးလုပ်ငန်း နှင့် သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆင်တက်မော်ကျေးရွာရှိ ရေလုပ်သားများထံသို့ ထုတ်ချေးပေး ကြောင်း သိရသည်။ 


ရှေးဦးစွာ ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းအောင် က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေလွှဲပြောင်း ထုတ်ချေးပေးအပ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။ထို့နောက် ဆင်တက်မော်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များမှတဆင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်း ကဏ္ဍာဆိုင်ရာချေးငွေ ကျပ်သန်း ၆၀ အား ကျေးရွာရေလုပ်သားများထံသို့ အရောက် ထုတ်ချေးပေးကြသည်။


အဆိုပါ ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားသို့   ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံရေလုပ်သားများ တက်ရောက်ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)