MNP ၊ မတ် ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော် မတီ၏(ပထမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ်သည့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဖြစ်ပေါ်လာပုံနှင့် ရခိုင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်(၈)ချက်အပေါ် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများမှ အကြံပြုဆွေးနွေးတင်ပြ ကြရာ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဉက္ကဋ္ဌမှ တင်ပြချက်များအ ပေါ် ပေါင်းစပ်ဆုံးဖြတ်ဆောင်ရွက်ပေးသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား (၃၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment