KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ



MNP ၊ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းအား ယနေ့နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နေ ဒေသခံပြည်သူများလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးက နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နေ ဦးကြင်ကောက် မောင်းနှင်ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ လိုက်ပါလာသည့် လိုက်ထရပ်အမျိုးအစား မော်တော်ယာဉ်သည် ကျောက်ကြီးမြို့မှ နတ်သံကွင်းဘက်သို့ သွားရောက်စဉ် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းနေရာသို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား နင်းမိပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုး သမီး ၁ ဦးတို့မှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ မိုင်းစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက် ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)