မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုရားစောင်းတန်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အမိုးများပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဘုရားစောင်းတန်းနှင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အမိုးများပျက်စီး


MNP ၊ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက် သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်သဖြင့် ဘုရားစောင်းတန်းနှင့်   အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အမိုးများ ပျက်စီးခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် သရက်ကွကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာမှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb ၁၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာရှိ ရွှေတောင်သာ ဘုရားစောင်းတန်းရှိ သွပ်မိုး ၂ ချပ်နှင့် လူနေအိမ် ၅ လုံး၏ သွပ်မိုးများ ဗုံးသီးစထိမှန်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များအား နေ့ညမပြတ်  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)