MNP ၊ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စီစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက် ( တပ်မတော် သိပ္ပံနှင့် နည်းပညာ သုတေသနဌာန၊ ပါမောက္ခဌာနမှူး ပြင်ဦးလွင်)မှရွှေတောင်မြို့နယ် အတွင်းရှိ MSMEsစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ လက်ရှိ ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းများ အခြေအနေ ၊လျှပ်စစ်မီးရရှိမှုအခြေအနေ၊ စီးပွားရေး လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းပစ္စည်းရရှိမှုအခြေအနေများနှင့်တွေ့ကြုံရသည့်အခက်အခဲများအား လုပ်ငန်းအမျိုးအစားအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစီစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်က လိုအပ်သည်များ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိုးစပါး၊ နွေစပါးတိုးချဲ့စိုက်ပျိုး ဆောင်ရွက်နေမှုအခြေအနေများ၊ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊နေကြာ၊ပဲမျိုးစုံ စိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရာ လိုအပ်သည်များကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစီစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်က မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment