(၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင်များ မိုးနဲမြို့နယ်၌ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင်များ မိုးနဲမြို့နယ်၌ဖြန့်ဝေ




MNP ၊ မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဝိဇ္ဇာရိယပရိယတ္တိသတ္တမပါလ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကျောင်းသား/သူ များကို  အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ (၇၈) နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ “အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာတပ်မတော်ပါ”၊ ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသောပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”၊  ပြည်သူချစ်တဲ့ တပ်မတော်၊ ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များပါဝင်သည့်  သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)