MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဝေသာလီရပ်ကွက် ၊ အလယ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါကျေးရွာတွင် ကျင်းပ ပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ အမှု ဆောင် အရာရှိ ဦးမောင်အေးသိန်း နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်း မှ ဒေသ ခံ ပြည်သူ များ တက်ရောက် ခဲ့ကြ သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်အေး သိန်း က(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေသာလီရပ်ကွက် ၊ အလယ်လမ်းသစ် နှင့် ပတ်သတ် ၍ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝေသာလီကျေးရွာအား မြို့ပေါ်ရပ်ကွက်အဖြစ် တိုး ချဲ့ ဖွဲ့စည်း ဆောင်ရွက်မှုကြောင့် ရပ်ကွက်အတွင် ဖွံ့ဖြိုး ရေး တိုး တက်ရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့၏ ဉပဒေ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်များအရ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များ၏ လမ်းညွန်မှုဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလျာထားခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒဿမ ၅၆၄ သန်းဖြင့် အလျား ၁၉၅၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ ပေ အား ပြည်ဆန္ဒကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းသစ်အား ကျေးရွာသူ/ သား များအနေဖြင့် ရေရှည် တည် တံ့ခိုင်မြဲရေးအတွက် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက် ပေးကြရန် စသည့်တိုကို ရှင်းလင်း ပြောကြားပြီးနောက် ဝေသာလီ ကျေးရွာ သားများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြော ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်အေး သိန်းနှင့် တာဝန်ရှိသူများက ဖွင့်ပွဲ အခမ်းအနား အမှတ်တရ အလံငယ်များကို တာဝန်ရှိသူများထံ ပေးအပ်ပြီး လမ်းသစ် အား ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက် ညွန် ကြားရေးမှူး ဦးမောင်အေးသိန်းတို့ကဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီးနောက် လမ်းသစ်အား တာဝန်ရှိသူများက လှည့်ပတ် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment