MNP ၊ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက “ရုံးလုပ်ငန်းလက်စွဲ” စာအုပ် အခန်း(၄)ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်တွင်ပါရှိသည့် အခန်း(၄)မှ စာရွက်စာတမ်းများကိုလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး “လုံခြုံမှုအဆင့်အတန်း” အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “စာရွက်စာတမ်းများတွင် မှတ်သားခြင်း” မှ လုံခြုံစွာထိန်းသိမ်းရမည့် စာရွက်စာတမ်းများတွင် မှတ်သားရမည့် အကြောင်းအရာများကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက “လုံခြုံမှုအဆင့်အတန်း သတ်မှတ်ခြင်း”တွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည် များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်သည်။
ဇော်လင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment