သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး




MNP ၊ မတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေး ထိုးနှံရာတွင် ပဉ္စမအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့်အတူ တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အကြောင်းအမျိုးမျိုးကြောင့်ခရီးလွန်နေသူများ၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၅)နှစ်မှ(၁၅)နှစ်ကြား ကလေးများတို့အား ပထမအကြိမ်ထိုးနှံပေးခြင်း၊ Booster Dose စတုတ္ထအကြိမ်၊ တတိယအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်သူများအား ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်များအလိုက် ဆောင်ရွက်နေပြီး အဆိုပါနေ့တွင် စုရပ် သုံးခုတို့၌ ဒေသခံပြည်သူ (၁၀၀)ကျော်ခန့်အား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)