ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online အမှတ်စဉ် ၁/၂၀၂၃ ‌သင်တန်းနောက်ဆုံးနေ့ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online အမှတ်စဉ် ၁/၂၀၂၃ ‌သင်တန်းနောက်ဆုံးနေ့ပို့ချ





MNP ၊ မတ်  ၁၀

မွန်ပြည်နယ် ၊ ပေါင်မြို့နယ်တွင်  ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ online  အမှတ်စဉ် ၁/၂၀၂၃  ‌သင်တန်းနောက်ဆုံးနေ့ပို့ချနေမှုကို ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။


အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဆောင်ရွက်မှုအခြေအနေနှင့်လမ်းညွှန်ချက်များကို ဦးသူရစိုး ဒုတိယညွှန်ကြားရေးမှုးချုပ်ကလည်းကောင်း၊မြန်မာ့ကျေးရွာငွေတိုက်ဖွဲ့စည်းတည်ထောင်ခြင်းနှင့်စီမံခန့်ခွဲခြင်းကို ဦးထွန်းပေါ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)စိုက်ပျိုးရေးဦးစီးဌာနမှလည်းကောင်း၊ SMU  စီမံကိန်းအတွေ့အကြုံများမျှဝေခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရန်အကြံများမျှဝေခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရန်အကြံပြုချက်များကို ဦးစိုးမြင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ကလည်းကောင်း စသည့်များကိုဆွေးနွေးပို့ချခဲ့သည်။


ဆက်လက်၍ ပေါင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးကျော်စွာလှိုင် နှင့် ဝန်ထမ်းများ၊အဟောက်ကျေးရွာ၊ကော့ထော်ကျေးရွာ၊ဒေးကင်းကျေးရွာ၊ဥက္ကံကျေးရွာ၊ကဒိုင်ကျေးရွာရှိ သင်တန်းသားများက မတ်လ ( ၈ ) ရက်နေ့မှ (၁၀)ရက်နေ့အထိ online မှ တစ်ဆင့်  နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိသင်ကြားလျက်ရှိကြောင်းသိရသည်။


ယခု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ   စိုက်ပျိုးရေးဦးစီးဌာန၏  ကဏ္ဍသုံးရပ်ဖြစ်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ဝင်ငွေတိုးပွားရေး စသည်တို့အပြင် KOICA မှ တိုင်းဒေသကြီး၊ပြည်နယ်များ စွမ်းအားမြှင့်မီးဖိုစီမံကိန်း၏ ကျေးလက်ဒေသဖွံဖြိုးရေးရန်ပုံငွေကို တိုင်းနှင့်ပြည်နယ်ရှိ ကျေးရွာပေါင်း ၁၈၄ ရွာအတွက် ချေးငွေများထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)