မန္တလေးခရိုင် (Community Centre) ခန်းမတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးခရိုင် (Community Centre) ခန်းမတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်




MNP ၊ မတ်  ၁၀

ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်‌ စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား/သူများအနေဖြင့် နွေရာသီအားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြု တတ်စေရန်၊ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများမြင့်မား စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်စွမ်းရည်များ တိုးတတ်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက် ကိုပြောကြားခဲ့သည်။


ဆက်လက်၍ အခြေခံပန်းချီရေဆွဲနည်းသင်တန်းနည်းပြဆရာ ကာတွန်းဖိုးချစ်က ကလေးငယ်များအနေဖြင့် အခြေခံပန်းချီရေးဆွဲ လေ့ကျင့်သူတို့ လိုအပ်ချက်ဖြစ်သည့် မျဉ်းအဓိပ္ပာယ်၊ မျဉ်းသဘောတရားများ၊ မျဉ်းအမျိုးအစားများ၊ မျဉ်းကြောင်းများ၊ ခဲတံချွန်ပုံ၊ ခဲတံကိုင်ပုံ၊ ပုံဆွဲခဲတံအကြောင်းများ၊ မင်တံလမ်းကြောင်းများ၊ ပုံကြမ်းရေးဆွဲခြင်းများ၊ လူနှင့်အချိုးအစားများ၊ သစ်ပင်ပုံ၊ လူပုံအနီး အဝေးများ၊ အရောင်များ၊ မူလအရောင်၊ ထပ်ဆင့်အရောင်၊ ပုံများရေးဆွဲခြင်းစသည့်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းကာလမှာ မတ်လ (၁၀)ရက်နေ့မှ မတ်လ (၁၂)ရက်နေ့အထိ (၃)ရက်တာ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


ကျော်ကျော်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)