အ.ထ.က(မိုးညို)၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ သူများအား အားဖြည့်အချိုရည်နှင့်မုန့်‌ဝေငှပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(မိုးညို)၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ သူများအား အားဖြည့်အချိုရည်နှင့်မုန့်‌ဝေငှပေး




MNP ၊ မတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ သင်္ချာဘာသာရပ် (တတိယနေ့) ဖြေဆိုပြီး‌သော ကျောင်းသား/ သူများအား ယနေ့ မွန်းလွဲ ၁၂:၀၅ အချိန်က အားဖြည့်အချိုရည်နှင့် မုန့်ဝေငှ‌ပေးခဲ့ကြောင်း သိရသည်။


ထိုသို့အားဖြည့်အချိုရည်နှင့်မုန့် ဝေငှ‌ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးရဲထွဋ်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သက်လွင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်(တတိယနေ့) ဖြေဆိုပြီးချိန်တွင် ကျောင်းသား/ သူ (၁၃၄)ဦးအား Royal-D အားဖြည့်အချိုရည် (၁၃၄)ဗူးနှင့် သရီးပလပ်(စ်)မုန့် (၁၃၄)ထုပ်တို့အား ကျောင်းသား/ သူတစ်ဦးလျင် အချိုရည်တစ်ဗူးနှင့် မုန့်တစ်ထုပ်ဝေငှပေးခဲ့ကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)