MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊စေရင်းအုပ်စု၊စေရင်းကျေးရွာတက်ခေတ်လူငယ်စာကြည့်တိုက်အဆောင်သစ်ကိုယနေ့နံနက်(၈)နာရီအချိန်ကအဆိုပါစာကြည့်တိုက်ရှေ့တွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာထောက်၃ဦးမောင်ကြည်၊တက်ခေတ်လူငယ်စာကြည့်တိုက်မှူးကိုကျော်ဇေယျာလင်းနှင့်ဒုလက်ထောက်စာကြည့်တိုက်မှူးကိုမျိုးနိုင်လင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ခေတ်သစ်လူငယ််စာကြည့်တိုက်မှူးကိုဇေယျာလင်းကစာကြည့်တိုက်အဆောင်သစ်ဆောက်လုပ်ဖွင့်လှစ်ရ ခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာထောက်-၃ ဦးမောင်ကြည်ကကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ရပ်သူရွာသား ကိုယ်စားဦးမောင်ထွန်းလှမှကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်ပြီးမြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာထောက်-၃ ဦးမောင်ကြည်ကတက်ခေတ်လူငယ်စာကြည့်တိုက်မှူးကိုဇေယျာလင်းအားစာအုပ်စာ စောင်များလှူဒါန်းပေးကြသည်။တက်ခေတ်လူငယ်စာကြည့်တိုက်ဖွင့်ပွဲကိုဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment