ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ





MNP ၊  ဧပြီ ၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် (၉:၃၀)က ရပ်စောက်မြို့နယ်၊ ရဿဝတီခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများမှ ဒေသအလိုက်လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏တင်ပြချက်အပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။


ဆုမွန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)