နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး







MNP ၊ ဧပြီ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ အားကစားနှင့်ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ သွားရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နွေရာသီအခြေခံ အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အားကစားနည်းတစ်ခုချင်းစီအလိုက် သရုပ်ပြသနေမှုများကို ကြည့်ရှုအားပေးသည်။


သရုပ်ပြလေ့ကျင့်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားကွင်းစနစ်တကျရှိစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုတိုးပွားလာခြင်းမှ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းကို လေ့ကျင့်လိုက်စားခြင်းမှ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသား လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မတ် ၁ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အားကစားနည်း ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ ၁၈၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)