ပုသိမ်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော် ကြီးများ၊ စာမေးပွဲဖြေ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား အအေးဘူးများနှင့် ရေသန့်ဘူးများ ဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော် ကြီးများ၊ စာမေးပွဲဖြေ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား အအေးဘူးများနှင့် ရေသန့်ဘူးများ ဆက်ကပ်


MNP ၊ ဧပြီ ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရှိ သာသနာ့ဗိမာန်၌ မတ် ၂၁ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သွားရောက်၍ ပုသိမ်မြို့၊ နိဂြောဓါရုံညောင်ပင်သာကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ် အမှူးပြုသော စာမေးပွဲကြီးကြပ် ဆရာတော်ကြီး များနှင့် စာမေးပွဲဖြေဆိုလျက်ရှိသည့် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင် များအား အအေးဘူးများနှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)