နာဂဒေသလဟယ်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုစနစ် လျော့ချရေးအလုပ်ရုံဆွေးနွေးပွဲကျင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသလဟယ်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုစနစ် လျော့ချရေးအလုပ်ရုံဆွေးနွေးပွဲကျင်း


MNP ၊  ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ရွေ့‌ပြောင်းတောင်ယာစိုက်ပျိုးမှုစနစ်လျော့ချရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်မြို့နာဂရိုးရာပြတိုက်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။


ရှေးဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နာဂဒေသသည် မိရိုးဖလာရွေ့ပြောင်းတောင်ယာစနစ်ကိုသာ မှိခိုအားထားပြီး လုပ်ကိုင်စားသောက်လာခဲ့ကြောင်း‌၊ ခေတ်စနစ်ပြောင်းလာသည်နှင့်အမျှ ရွေ့ပြောင်းတောင်ယာစနစ်မှ လှေကားထစ်လယ်ယာစနစ် ပြောင်းလဲသွားရမည်ဖြစ်ကြောင်း နှစ်စဉ်ရွေ့ပြောင်းတောင်ယာစနစ်ကြောင့် တောတောင်ပြုန်းတီး၍ ရာသီဉတုဖောက်ပြန်ကာ အပူချိန်မြင့်လာခြင်း ရေအရင်းအမြစ်ဆုံးရှုံးလာသည်မှာ ယခုနာဂဒေသမှာ လက်တွေ့ခံစားနေရပြီးဖြစ်ကြောင်း ထို့ကြော်င့် ရွှေ့ပြောင်းတောင်ယာစနစ်အစား‌ကုန်းမြင့်လှေကားထစ် လယ်ယာစနစ်သို့ တဖြည်းဖြည်းပြောင်းလဲဆောင်ရွက်ရန်လိုကြောင်း ပြောကြားပါသည်။


ထို့နောက်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက ဖြည့်စွက်ဆွေးနွေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ရွေ့ပြောင်းတောင်ယာစိုက်ပျိုးမှုစနစ် လျော့ချရေးလုပ်ငန်းတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမှန်တကယ်မြေပြင်မှာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အရေးကြီးကြောင်း ထိုသို့ရွေ့ပြောင်းတောင်ယာစနစ် လျော့ချရေးတွင် ချက်ချင်းပြောင်းလဲရန် ခက်ခဲသော်လည်း နှစ်အလိုက်စီမံချက်ရေးဆွဲပြီး အမှန်တကယ်ပြောင်းလဲလျော့ချသွာရမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်တာကြောင့် ယခုဆွေးနွေးပွဲမှာ ဆွေးနွေချက်တွေကို ကျေးရွာပြည်သူတွေ နားလည်အောင် ပြန်လည်ရှင်းပြပြီး အားလုံးပူပေါင်းပါ၀င်ဆောင်ရွက်ရန်လိုကြောင်း လိုအပ်သောအခက်အခဲတွေကို ဖြည့်စွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။


ဆက်လက်ပြီး လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌ ဦးဇာနည်၀င်းမှ လဟယ်မြို့နယ်အတွင်း ရွှေ့ပြောင်းတောင်ယာစနစ်လျော့ချရေးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။ ၎င်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတာ၀န်ခံ ဦးသိန်းထွန်းတင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန‌မှ ဒေါက်တာအောင်ကျော်မင်းတို့က မိမိဌာနနှင့်ပတ်သက်၍ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပါသည်။


ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင်ယဉ်ကျေးမှုကော်မတီများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး/ စာရေးများမှရွှေ့ပြောင်းတောင်ယာစနစ် လျော့ချရေးနှင်ပတ်သက်၍ မေးမြန်းကြရာ သက်ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)