MNP ၊ ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်မတွင် ဌာနဆိုင် ရာများနှင့် လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ် စုပေါင်းလောင်းလှူပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ်ရုံးဦးစီးမှူး ဦးကျော်သူရက လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးဗုဒ္ဓဘိသေက အနေက ဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ် စုပေါင်းလောင်းလှူပွဲအခမ်းအနားသို့ ကွမ်းခြံကုန်းမြိူ့နယ်ကိုယ်စားပြုကြွရောက်မည့် သံဃာတော် (၂၂၂)ပါးနှင့်ကပ္ပိယအဖြစ် လိုက်ပါဆောင်ရွက်မည့်လူပုဂ္ဂိုလ် (၂၂၂)ဦး၏ ခရီးစဥ်ချောမွေ့စွာ ရောက်ရှိရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ ဆွမ်း ဘုန်းပေးနိုင်ရေး စသည့်များကိုညှိနှိုင်ခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆွေနွယ်
https://t.me/MyanmarNationalPost


No comments:
Post a Comment