MNP ၊ ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာ ရေးဝန်ထမ်းများ တွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြု လုပ် ခဲ့သည်။
အစည်းအဝေးတွင်အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်းကအဖွင့်အမှာစကားပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊မြို့ရွာများ သန့်ရှင်းသာ ယာလှပရေး ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ၊ စိုက်ပျိုးရေး၊မွေးမြူ
ရေး၊သမဝါယမ ကဏ္ဍများ၊ရပ်ကွက်/ကျေးရွာများရှိ အသေးစားအလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၊ဒေသဖွံ့ရေးလုပ်ငန်းများအတွက်လိုအပ်ချက်များအား ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်သက်ဆိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရေး ၊ စိုက်ပျိုးရေး၊မွေး မြူရေး၊သမဝါယမ ကဏ္ဍများ၊ရပ်ကွက်/ကျေးရွာများရှိ အသေးစားအလတ်စား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ၊ဒေသဖွံ့ရေးလုပ်ငန်းများ အား သက်ဆိုင်ရာ က ဏ္ဍအလိုက် ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment