ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ သင်ကြားဖွင့်လှစ်ခဲ့သော ကရာတေဒို သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ သင်ကြားဖွင့်လှစ်ခဲ့သော ကရာတေဒို သင်တန်းဆင်းပွဲ ပြုလုပ်




MNP ၊  ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အခမဲ့သင်ကြားဖွင့်လှစ်ခဲ့သော အခြေခံ ကရာတေးဒို သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကရာတေးဒိုအားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများ သန်မာစေ ခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါဖြစ်ပွားမှုများလျော့နည်းစေခြင်း၊ ခန္ဓာကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြဆရာမ ဒေါ်ထက်ထက်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်း၌အခြေခံကရာတေးဒို ကစား ကွက်များ ဖြစ်သည့် အကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ လက်သီးထိုးနည်း၊ ခြေကန်နည်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၃၇) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှ ဧပြီ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ(၇)ရက်ကြာ သင်ကြားပေးခဲ့ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအား လပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် ကရာ တေးဒိုသင်တန်း၊ Myanmar Fiteness Dance သင်တန်း၊ ပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ် သင်တန်းများအပြင် စာပေရေးသားနည်း၊ ခြင်းထိုးနည်း၊ အခြေခံကွန်ပျူတာသင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)