MNP ၊ ဧပြီ ၇
သံတွဲခရိုင်၊ငပလီမြို့၌ယနေ့ မွန်းလွဲ(၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၂၀၂၂)ခုနှစ်စာစောင် ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ဒေါ်မြင့်မြင့်အေးကနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၂ဝ၂၂)ခုနှစ်စာစောင်ပါနိုင်ငံဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်၊နိုင်ငံ့ဝန်ထမ်းများထမ်းဆောင်ရမည့်တာဝန်(၃)ရပ်၊နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃ဝ)ပါးအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် ဲကြသည့်ဝန်ထမ်းများကဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(၁၂)ပါး ကိုဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment