ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော အပူရှောင်စခန်းတွင် ရောက်ရှိနေသည့် ပြည်သူများကို တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော အပူရှောင်စခန်းတွင် ရောက်ရှိနေသည့် ပြည်သူများကို တွေ့ဆုံအားပေး














MNP ၊ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တစိန္တာသာရအား ဖူးမြော်ကြည်ညို၍ ဩဝါဒများခံယူကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိကြပြီး တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး ဦးစီးမှူးရုံး သိုလှောင်ရုံအတွင်း စလင်းမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်ရှိ လေဘေးသင့် ပြည်သူများအားထောက်ပံ့ရန် ဆန်အိတ်များ ပို့ဆောင်ရောက်ရှိလာမှုအခြေအနေကို   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်  အမြန်ဆုံးပို့ဆောင်ထောက်ပံ့သွားရန်၊ သိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ရန်နှင့် Inventory Management Software စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြီးကန်ကျေးရွာ အေးစေတီကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားရှိသော အပူရှောင်စခန်းသို့ ရောက်ရှိပြီး စခန်းအတွင်း လာရောက်နားခိုလျက်ရှိသည့် ကျေးရွာအတွင်းမှ ဘိုးဘွားများနှင့်ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြား၍ နံနက်စာနှင့် အချိုရည်များ ဧည့်ခံနိုင်ရေး ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးစေတီကျောင်းတိုက်ရှိ ဆရာတော် ဦးကုမာရအား ဖူးမြော်ကြည်ညိုကာ  အပူရှောင်စခန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေကို ရှင်းလင်းလျှောက်ထားပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြီးချောင်းရပ်ကွက် ဣစ္ဆာလာဘမုနိ ဘုရားဝင်းအတွင်းဖွင့်လှစ်ထားရှိသော အပူရှောင်စခန်းသို့ရောက်ရှိပြီး စခန်းအတွင်း  လာရောက်နားခိုလျက်ရှိသည့် ကျေးရွာအတွင်းမှ ဘိုးဘွားများနှင့် ရင်းနှီးနွေးထွေးစွာ     တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြား၍ နံနက်စာနှင့်အချိုရည်များ ဧည့်ခံနိုင်ရေးအတွက် ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)