မာန်အောင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ဆက်လက်ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster)ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီမှစ၍ ညနေ(၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


    ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှတ်တမ်းစာရွက်ကို ယူဆောင်လာစေပြီး ထိုးနှံရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအားကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊စာရင်းများ စနစ်ကျကောက်ယူခြင်းများ ပြုလုပ်ပြီး ဒုတိယအကြိမ်ထိုးနှံပြီး သူများအား တတိယအကြိမ်အဖြစ် လည်းကောင်း ၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် အဖြစ်လည်းကောင်း ၊ စတုတ္တအကြိမ်ထိုးနှံပြီး သူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေး လျက်ရှိရာ ယနေ့တွင်တတိယအကြိမ်အဖြစ် လာရောက်ထိုးနံသူ(၃၂)ဦး၊စတုတ္ထအကြိမ်အဖြစ်လာရောက်ထိုးနှံသူ(၄၆)ဦး၊ပဉ္စမအကြိမ်အဖြစ် လာရောက်ထိုးနှံသူ(၄၀)ဦး၊စုစုပေါင်း(၁၁၈)ဦးတို့ကို ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)