ဒုတိယဝန်ကြီး ဦးဌေးလှိုင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများ၌ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဌေးလှိုင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများ၌ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး



MNP ၊  ဧပြီ  ၂၇

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းက လေဆင်နှာ မောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် ကံသာကျေးရွာအုပ်စု တံတားဦး ကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့်   အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာသို့ သွားရောက်၍ ဝန်ထမ်းများက လေဘေးသင့်ပြည်သူများအတွက် ပန်းခင်းစီမံချက်အဆင့် (၂) ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို  ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လေဘေးသင့်ရွာသူရွာသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြန်လည်ဆောင်ရွက်ထုတ်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများကို လုပ်ငန်းများ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် ရုံး လက်ခံစာရင်းများနှင့် တိုက်ဆိုင်ကာ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ပေးရေး၊ လုပ်ငန်းများ အချိန် တိုအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သောဝန်ထမ်းအင်အားများ ထုတ်နုတ်ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင် စုလူဦးရေစာရင်းများကို သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာသားများထံ ပေးအပ်ပြီး  ဒုတိယဝန်ကြီးက လုပ်ငန်းများ ထိရောက်လျှင်မြန်စေရေးအတွက် ဝန်ထမ်းအင်အား ထုတ်နုတ် ဖြည့်တင်းဆောင်ရွက်ရေး၊ အိမ်ထောင်စုအလိုက် မွေးဖွားမှုနှင့် သေဆုံးမှုရှိသူများအတွက် တစ်ပါတည်း စာရင်းရေးသွင်း ဆောင်ရွက်နိုင်ရေး အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူများကို လည်း စာရင်းပြုစုထားရှိရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)