MNP ၊ ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှင့်Grade(9)နှစ်ဆုံးစာမေးပွဲ အောင်စာရင်းကိုယနေ့ နံနက်ပိုင်းတွင် ထွက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သက်ဆိုင်ရာ ကျောင်း များသို့လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၈၅) ခုတွင် ကြော်ငြာ ပေးခဲ့ကြောင်း မြို့နယ်ပညာရေး မှူးရုံးက သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment