တာချီလိတ်မြို့၌ မြို့နယ်ကြက်တောင်ဆပ်ကော်မတီဥက္ကဠဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ညစာစားပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ မြို့နယ်ကြက်တောင်ဆပ်ကော်မတီဥက္ကဠဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ညစာစားပွဲပြုလုပ်




MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်ကြက်တောင်ဆပ်ကော်မတီမှကြီးမှူး ကျင်းပသည့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက Happy Restaurant တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲအား ဧပြီ ၇ ရက်နေ့ မှ ၁၀ ရက်နေ့ထိ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး၊ ပြိုင်ပွဲတွင်အမျိုးသားတစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ အလွတ်တန်းပြိုင်ပွဲ၊ အသက် ၅၀ နှစ်နှင့်အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲများပါဝင်ပြီး၊ ပြိုင်ပွဲဝင်စုစုပေါင်း ၆၀ ဦးခန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ကြက်တောင်နည်းပြဆရာနှင့်နယ်ဝေးမှ လာရောက်ယှဥ်ပြိုင်ကြသော အားကစားသမားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ အားကစားအထောက်အကူပြုကော်မတီဥက္ကဠ ဦးတင်လှိုင်၊ မြို့နယ်ဆပ်ကော်မတီဥက္ကဠ ဦးမြင့်နွယ်နှင့် တာဝန်ရှိသူအသီးသီးတို့မှ ဂုဏ်ပြုဆုများနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် အားကစားသမားများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


အေးအေးလတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)