မိုင်းတုံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ


MNP ၊  ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ရဲမှူး မြင့်‌အောင် ဦးဆောင်၍ မြို့နယ်ပညာရေး၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်၍ ယနေ့နံနက်ပိုင်းက Great (5),Great(6),Great(7) Great(8), Great(9), Great (10)ကျောင်းသား၊ ကျောင်သူများကိုအဆင့်(၃)ဆင့် သတ်မှတ်ပြီးပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများမှာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် ပတ်သက်သည့်ခေါင်းစဉ် ခေါင်းစဉ်(၇)ခုဖြင့် ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကာတွန်းကြိုက်နှစ် သက်ရာကို နံနက်(၉း၀၀)နာရီမှ ၁၂း၀၀)နာရီအချိန်ထိ ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသား/ကျောင်းသူပေါင်း(၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆု‌ရရှိသူများကို မြို့နယ်ရဲမှူးမြင့်အောင်က ပြိုင်ပွဲတစ်ခုတွင်ပ/ဒု/တ နစ်သိမ့်ဆု(၂)ဆုအပါအဝင်(၅)ဆုနှင့် ပြိုင်ပွဲခေါင်းစဉ်(၇)ခု၏ စုစုပေါင်းပေးမည့်ဆုပေါင်း(၃၅)ဆုဖြစ်ကြောင်း၊ လာ‌ရောက်ယှဉ်ပြိုင်ကြ‌သော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ရဲမှူးမြင့်အောင်က ခေါက်ဆွဲကြော်နှင့် ရေသန့်များလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)