MNP ၊ ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ( ၆း ၄၅) နာရီအချိန်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာ အုပ်စုနှင့် သရက်သုံးပင်ကျေးရွာအုပ်စု အတွင်းရှိ လူနေအိမ် ( ၂) အိမ် ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် (၈)အိမ် အမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျီးသဲကျေးရွာမှ အမိုးလန်သည့် လူနေအိမ်(၇)အိမ်၊ ကျောက်မြင့်အုပ်စု၊ရွာသစ်ကြီးကျေးရွာမှ လူနေအိမ် (၁)အိမ် ပြိုကျခဲ့ပြီး အမိုးလန် လူနေအိမ် (၁)အိမ် ၊ သရက်သုံးပင်ကျေးရွာမှ လူနေအိမ် ( ၁) အိမ် ပြိုကျပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၁၁၇၅၃၀၀) ကျပ်ရှိကြောင်းနှင့် လေဘေးသင့်၍နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာများမရှိကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment