ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ပေးအပ်




MNP ၊  ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း ဧပြီလ ၂၆ ရက်နေ့ ည (၉:၃၀)နာရီအချိန်ခန့်က  ရုတ်တရက်မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့်  ရွှေတောင်မြို့နယ်အတွင်းရှိ မကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ သမန်းကုန်း ကျေးရွာတွင် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၇) အိမ်တို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။


          အဆိုပါ   လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့် သမန်းကုန်းကျေးရွာသို့ ယမန်နေ့ ၊ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့်  ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြိုကျ / အမိုးလန် လူနေအိမ် ( ၁၇) အိမ်အတွက်  အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၆၈၁၀၀/-)အား သွားရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)