တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး







MNP ၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး  ဆေးဝါးများလုံလောက်မှုရှိစေရေး  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သက်သာသောနှုန်းထားဖြင့် အခြေခံ စားကုန်ဆန်နှင့်ဆီအား လစဉ်ရောင်းချပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု ဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် (၂၁)ရက်နေ့ ပင်စင်ထုတ်ရက်ရောက်တိုင်း နိုင်ငံ့ဝန်ထမ်းများအပြင် သက်ကြီးရွယ်အို အဘိုး/ အဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင် များကိုလည်း  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လူနာတစ်ဦးလျှင် ဆေးဝါး(၁) လစာ လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


သက်ဖြိုးကြိုင်

#MyanmarNationalPost

No comments:

Post a Comment