လှုံ့ဆော်သူလေး ပိုင်ဖြိုးသု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှုံ့ဆော်သူလေး ပိုင်ဖြိုးသု


ပရောဂျက်စည်းရိုးဆိုပြီး လှုံ့ဆော်ထားတာတွေ့လို့ အသေအချာ ကြည့်မိတယ်။ ဘယ်သူများလဲပေါ့။ သရုပ်ဆောင် အဖြစ်ကနေ အကြမ်းဖက်လှုံ့ဆော်သူ ဖြစ်သွားတဲ့ အကယ်ဒမီ ပိုင်ဖြိုးသု လှုံ့ဆော်ထားတာ ပါလား။ 

အနုပညာရှင်တွေ အကြမ်းဖက်လှုံ့ဆော်မှုတွေ ဘာကြောင့်လုပ်နေသလဲ။ ပြည်သူများမသိကြမှာစိုးလို့ သိရအောင် ပြောပြလိုက်ပါအုံးမယ်။ နိုင်ငံကျော် ဟာသပညာရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တစ်ယောက်ကို လက်သုံးချောင်းထောင်ပြီး အကြမ်ဖးက်လှုံ့ဆော်မှုတွေ လုပ်လာလို့ တာဝန်ရှိသူတွေက သွားရောက်စိစစ်ခဲ့တယ်။ ဘာကြောင့် အခုလို လှုံ့ဆော်တာလဲ မေးမြန်းတဲ့အခါ ဟာသပညာရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာက ပွင့်ပွင့်လင်းလင်းပဲ ဖြေဆိုပါတယ်။ "ကျွန်တော်ကို ဖမ်းချင်လည်း ဖမ်း၊ ဟောဒီမှာ သူတို့ ပိုက်ဆံလာပေးထားတယ်။ ဒီလှုပ်ရှားမှုမှာ ဒီလိုပါဝင်ဆောင်ရွက်ပေးရင် ဒါပေးမယ်လို့ ပြောတယ်။ ကျွန်တော်လည်း လုပ်ပေးခဲ့တယ်" လို့ ဝန်ခံလိုက်တယ်။

အနုပညာရှင်ဆိုသူတွေရဲ့ လှုံ့ဆော်မှုတွေကို အဟုတ်ကြီးထင်ပြီး လမ်းပေါ်ထွက်လိုက်ခဲ့ကြတဲ့ လူငယ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။ အနုပညာရှင်တွေဟာ သာမာန်ပြည်သူတွေလို နွားသက်သက်တော့ မဟုတ်ဘူး။ သူတို့ကို အသုံးချချင်ရင် ငွေလမ်းခင်းရတယ်။ ငွေရရင် ဘယ်လို သရုပ်ဆောင်ပေးရမလဲ သူတို့ သရုပ်ဆောင်ပေးနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ဝင်ခန်း ရိုက်ပေးပါဆိုရင်လည်း သူတို့ ရိုက်ပေးနိုင်တယ်။ သူတို့ဟာ သရုပ်ဆောင်ရာမှာ ပညာရှင်အဆင့်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင်လည်း လုပ်နိုင်တယ်။ ပြည်သူတွေ ငိုချင်းချအောင်လည်း သူတို့ လုပ်နိုင်စွမ်းရှိတယ်။

နိုင်ငံရေးလုပ်စားတဲ့ ပြည်ပြေး ဝရမ်းပြေးတွေက လက်ဦးမှု ရယူပြီး အနုပညာရှင်များကို သူတို့ရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ သိမ်းသွင်းလိုက်နိုင်တယ်။ ပိုင်ဖြိုးသုတို့ကတော့ စဉ်ဆက်မပြတ် အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြဆဲ။ သူတို့ အနေနဲ့က နစကအစိုးရက မဖမ်းသ၍ အကြမ်းဖက်အဖွဲ့တွေအတွက် မဖြစ်မနေ လှုံ့ဆော်ပေးနေရမှာပဲ။ သူတို့ ရယူအသုံးပြုထားတဲ့ ငွေကြေးတွေက လက်လွန်ခြေလွန်ဖြစ်ပြီ။ အသိတရားရပြီး နောက်ဆုတ်ချင်းလို့မှ မဆုတ်ဝံ့တော့ဘူး။ CRPH, NUG, PDF က လက်သံပြောင်တယ်။ ဥပဒေမရှိဘူး။ သူတို့ရဲ့ ဥပဒေက တချက်လွတ် သေဒဏ်ပဲ။

ပြည်ဖျက်မိစ္ဆာတွေ ဟာ တချိန်က အမျိုးသားရေးလှုပ်ရှားသူများက ငါတို့အရိုးစည်းရိုးထိုး၍ ကာသင့်လျှင် ကာရမည် ဆိုတာကို ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ကြဖူးတယ်။ အခုတော့ သူတို့ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တောင်းရမ်းစားသောက်နေကြတာ ဝေါဟာရမကျန်တော့ဘူး။ ပရောဂျက်စည်းရိုးလို့ ခေါင်းစဉ်တပ်ပြီး တောင်းစားရတဲ့ အခြေအမျိုးကို ရောက်လာပြီ။

ပိုင်ဖြိုးသု လှုံ့ဆော်ထားတာက -

စည်းရိုး project လေး သက်မှတ်ရက် ပြည့်သွားတဲ့ အချိန်မှာ 71% ပဲပြည့်ပါသေးတယ်။ အားလုံး သိကြတဲ့အတိုင်း မြေပြင်မှာကလည်း လိုအပ်ချက်တွေက တကယ်အရေးကြီးနေတာမို့ The Fence စည်းရိုး project လေးကို နောက်တစ်ပတ်ဧပြီ ၁၆ ရက်နေ့ထိ ထပ်တိုးလိုက်ပါတယ်။ သုသုက နိုင်ငံတကာမှာရှိနေတဲ့ သွေးချင်းညီအကိုမောင်နှမအားလုံး ကရင်နီပြည်နယ်စည်းရိုးကာဖို့ ပါဝင်ပေးကြပါလို့ ထပ်မံပူဆာလိုက်ပါတယ်။ ကရင်နီပြည်နယ်က သူရဲကောင်းတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီ post လေးကို ရှယ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။

သုသု အလှူခံနေတဲ့ ကရင်နီပြည်နယ်ဆိုတာက KNDF (ကယားအကြမ်းဖက်အဖွဲ့)အတွက် ဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ထဲက ရွာတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ခဲ့တဲ့ KNDF အတွက် အလှူခံနေခြင်း ဖြစ်ပါတယ်။ KNDF ဟာ ပင်လောင်းမြို့နယ်၊ နန်နှိမ့်ကျေးရွားမှာ သံဃာတော်(၃)ပါး နဲ့ အပြစ်မဲ့ ပအိုဝ်းဒေသခံ ပြည်သူ ၂၂ဦး ကို အစုလိုက်အပြုံလိုက် သတ်ခဲ့ကြတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အတွက် အလှူခံပေးတဲ့ သုသုလေးကို လှူပေးလိုက်ကြပါအုံးဗျာ။ ခင်ဗျားတို့တွေ လှူတဲ့အလှူဟာ စည်းရိုးအတွက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ စည်းရိုးကို ရိုက်ချိုးဖျက်ဆီးဖို့ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးပြီး အပြစ်မဲ့ ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပူပေါင်းပါဝင်နေကြတာပဲ ဖြစ်ပါလိမ့်မယ်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)