စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် မူးခွ - ကံရိုးကြားရှိ ပြည်ငြိမ်းချမ်းသာတံတားကြီး တည်ဆောက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် မူးခွ - ကံရိုးကြားရှိ ပြည်ငြိမ်းချမ်းသာတံတားကြီး တည်ဆောက်ပြီးစီး




MNP ၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် တန့်ဆည်မြို့နယ် မူးခွကျေးရွာ နှင့် ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာကြား ပြည်ငြိမ်းချမ်းသာ တံတားကြီး တည်ဆောက်ပြီးစီးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် တို့သည် တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ မိုးကောင်းကျေးရွာကြား ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် မူးမြစ်ကူးတံတားကြီးတစ်ခု တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

ဆရာတော် ဦးဝါသဝ က"တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာနဲ့ ကန့်ဘလူမြို့နယ်၊ မိုးကောင်းကျေးရွာကြားမှာလည်း မူးမြစ်ကူးတံတားကြီး တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က မတည်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ဆရာတော်အနေနဲ့ကတော့ လုပ်ငန်းပြီးမြောက်အောင် ဒေသခံပြည်သူတွေကို ဦးဆောင်စီမံဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်။ အခုဟာကတော့ မူးမြစ်ကူး တံတားပါပဲ။ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ နဲ့ ကန့်ဘလူမြို့နယ်၊ ကံရိုးရွာကြားမှာ ရှိတဲ့ တံတားကြီးဖြစ်ပါတယ်။ အခက်ခဲများစွာကျော်လွှာပြီး စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး သွားလမ်းလာလမ်းနှင့် ရောင်းပန်းဝယ်ပန်း သာယာစေဖို့ အကြီးအကဲတွေက ဒေသခံပြည်သူတွေရဲ့ အကျိုးကို အမျှော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ပေးတဲ့အတွက် ဝမ်းမြောက်ပါတယ်။ မကြာမီ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။

ကန့်ဘလူ၊ တန့်ဆည်မြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့စည်းပေးနိုင်ခဲ့သော ကျေးရွာများသို့ KIA/ PDF အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဒေသခံပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး KIA/PDF အကြမ်းဖက်သမားများ စိုးမိုးထားသည့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)