MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌၊ နွေရာသီ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲကို နေ့လည်(၁)နာရီ အချိန်က ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံတော်ကြီးတွင်ကျင်းပကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းမှသင်တန်းသားသင်တန်းသူများအားပြည်သူ့နီတိနှင့်ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ရခြင်းကြောင့်လိုက်နာရမည့်ပြည်သူ့နီတီများကိုသိရှိပြီးနွေရာသီအားလပ်ရက်ကိုအကျိုးရှိစွာအသုံးချခြင်းဖြင့်ကျောင်းသားကျောင်းသူများလိမ္မာယဉ်ကျေးသည့်သားကောင်းသမီးမွန်များဖြစ်လာစေကြောင်းရှင်းလင်းပြောကြားပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းမှသင်တန်းနည်းပြဆရာမများအားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ဆက်လက်ပြီးမြို့နယ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်နန်းစောညွန့်မှသင်တန်း နည်းပြဆရာမများနှင့်ကျောင်းသားကျောင်းသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးသင် ကာလမှာ(၃-၄-၂၀၂၃)မှ(၇-၄-၂၀၂၃)ရက်နေ့ထိ(၅)ရက်ပို့ချသင်ကြားပေးခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment