လားရှိုးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ





MNP ၊ ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် (၆)နာရီအချိန်က ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဗောဓါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်ပရိတ် တရားတော်ကို နာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်မျာအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ဇမ္ဗူအေး အေတီတပ်ဦးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)