မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် ကန်တော်လျောင်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် ကန်တော်လျောင်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်




MNP ၊ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကန်တော်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာအနီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့အမှတ် (၅)မှ တာဝန်ယူတည်ဆောက်သည့် ကန်တော်တံတားဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဠ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် မြို့ပြ ဦးကျော်မျိုးထွန်းနှင့် တိုင်း/ခရိုင် ဌာနဆိုင်ရာ အကြီးအကဲများ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က တံတားဖွင့်ပွဲကို တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကန်တော်ချောင်းတံတားဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်မျိုးထွန်းမှ တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကန်တော်တံတား မုခ်ဦးရှေ့တွင် ဝန်ကြီးချုပ်ဦးတင့်လွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဠ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့ တက်ရောက်၍ ကန်တော်ချောင်းတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တံတားမုခ်ဦးရှေ့တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကန်တော်တံတား ကဗ္မည်းမော်ကွန်းကျောက်စာတိုင်အား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အင်ဂျင်နီယာချုပ်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့မှ အမွှေးနံသာများ ပက်ဖြန်းပေးခြင်းနှင့် ကန်တော်တံတားအား လှည်လည်ကြည့်ရှုခဲ့ကြသည်။

စလင်းမြို့နယ် ကန်တော်တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့အမှတ်(၅)မှ တာဝန်ယူတည်ဆောက်သည့် ကန်တော်တံတားအရှည် (၃၄၀) ပေ၊ ကွန်ကရစ်တံတားယာဉ်သွားလမ်းအကျယ် (၂၇)ပေတို့ဖြင့် ၂၀၂၂၊ ၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရံပုံငွေကျပ် (၁၂၂၄.၀၀)သန်း အကုန်အကျခံ၍ ၂၀.၅.၂၀၂၂ မှ စတင်တည်ဆောက်ခဲ့ပြီး ၃၁.၃.၂၀၂၃ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့အမှတ် (၅)ထံမှ သိရှိရပြီး ကန်တော်ချောင်း တံတားဖွင့်ပွဲအခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကန်တော်ကျေးရွာ၊ ညောင်ပင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)