ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တန့်ယန်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တန့်ယန်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ






MNP ၊ ဧပြီ ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက တန့်ယန်းမြို့ မဟာမြတ်မုနိဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော် ဘဒ္ဒန္တဦးကောလိသ၊ စဝ်စုခမ်းဆရာတော် ဘဒ္ဒန္တသုခမိန္ဒအား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။


ဆက်လက်၍ တန့်ယန်းမြို့နယ်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တန့်ယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်မှ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တန့်ယန်းမြို့တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်မှ လက်ခံရယူကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ဒေသထွက်ကုန်ပစ္စည်းများ ပြခန်းအား လှည့်လည်ကြည့်ရှုကြပြီး တန့်ယန်းမြို့ အောင်တော်မူ စေတီတော်အား သွားရောက်၍ ဆရာတော်ဦးကုသလအား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၍ စေတီတော်တွင်တင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား ရွှေသင်္ကန်းဆက်ကပ်ပူဇော်ကာ စေတီတော်အတွက် အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း (တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)