၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နိုင်ငံရပ်ခြားပြပွဲအဖြစ် လာအိုနိုင်ငံတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နိုင်ငံရပ်ခြားပြပွဲအဖြစ် လာအိုနိုင်ငံတွင် ကျင်းပ


MNP ၊ ဧပြီ ၂၇

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပို့ကုန်ပြပွဲတို့၏ နိုင်ငံရပ်ခြားပြပွဲကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲက လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ သန့်စင်သောစွမ်းအင် တီထွင်ဆန်းသစ်မှုများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် အခြားပစ္စည်းများ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံများမှ ကုမ္ပဏီ ၁၈၃ ခုကို ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများရှိပြည်သူများကို အကျိုးကျေးဇူးရှိစေကြောင်း ဧပြီ ၂၄ ရက်၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Jiang Zaidong က ပြောကြားခဲ့သည်။

အဆိုပါပြပွဲသည် ကွမ်ရှီးဒေသအတွက် ၎င်းတို့၏ထုတ်ကုန်များအား လာအိုနိုင်ငံသို့ အရောင်းမြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း Jiang က ဆိုသည်။

ထိုပြပွဲသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၌ အရေးပါကြောင်း လာအိုနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Chansouk Sengphachanh က ပြောကြားခဲ့သည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)