ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်




MNP ၊  ဧပြီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ကြီးကြပ်မှုဖြင့် ပင်းတယမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ပင်းတယမြို့နယ်၊ ငှက်ပျောတောရပ်ကွက်၊ ရွှေဥမင်ဘုရားနယ်မြေအတွင်းရှိ ဗဟိုမဏ္ဍပ်၌ သင်္ကြန်ပွဲတော်ကျင်းပရာတွင် ဒေသတွင်းအဆိုတော်များ၊ ဝါသနာရှင်များက ခေတ်ပေါ်တေးဂီတ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ဆုရရှိသည့် သင်္ကြန်ယိမ်းအကအဖွဲ့များအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာ လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ နေ့စဉ်စတုဒိသာများကျွေးမွေးခြင်းဖြင့် ပျော်ရွှင်စွာကျင်းပသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် ဆီမီး(၁၁၀၀)ပူဇော်ပွဲတို့ကို ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် လာရောက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရဲထက်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)