တောင်ငူမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်




MNP ၊  ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ဖျော်ဖြေရေး/ရေကစားမဏ္ဍပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးကော်မတီတို့မှစီစဉ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်တေးသီချင်းများ၊ ရိုးရာ ယဉ်ကျေးမှုအကများ၊ Stage Showကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့ပြင်လာရောက်ဆင်နွှဲကြသော ပြည်သူသူများအား ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အအေး၊ဖျော်ရည်၊စတုဒိသာများဖြင့် (သင်္ကြန်အကြိုနေ့)မှ စတင်ကာ နေ့စဉ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။


တောင်ငူမြို့တွင် နှစ်သစ်ကူးချိန်ခါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ရက် (သင်္ကြန် အကြိုနေ့)ညနေ ၄ နာရီတွင် ဖွင့်ပွဲအခမ်းအနားအားကျင်းပသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)