MNP ၊ ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့ သင်္ကြန်ကာလရုံးပိတ်ရက်များတွင် ခရီးသွားဆင်ချစ်သူများဝင်ရောက်လည် ပတ်မှုများပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လေ့လာကြကြောင်း၊ ခရီးသွားဆင်ချစ်သူများသည် ပလင်းကမ်းသာ ယာဆင်စခန်းဝင်းအတွင်းရှိ ဆင်ပြတိုက်၊ ကလေးကစားကွင်း၊ ဆင်များထားသည့်နေရာ၊ ဆင်ရေချသည့်နေရာ၊ ရှုမျှော်ခင်းကြည့်တံတား၊ Tree House၊ မြစ်ကမ်းလေးတလျှောက်တည် ဆောက်ထားသည့် ခြေတံရှည်တဲများပေါ် အနားယူပြီး မြစ်ကမ်းဘေးအလှများအား ကြည့်ရှု့ခြင်းများနှင့် ဆင်စီးပြီး မြစ်ကမ်းဘေးအလှများအား ကြည့်ရှုကြကြောင်းသိရသည်။
ပလင်းကမ်း သာယာဆင်စခန်းသို့ လာရောက်ကြသည့် ဆင်ချစ်သူများသည် ဆင်စာကျွေးခြင်း၊ အစားအစာများ မှာယူစားသောက်ခြင်းများဖြင့် ပလင်းကမ်းသာယာဆင်စခန်းတွင် လာရောက်လည်ပတ် သူများပြားနေကြောင်း ဆင်စီးသူများလည်း များပြားလျှက်ရှိကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment