ဒဂုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရန် ဒဂုံမောင်မယ်ရေကစားမဏ္ဍပ်​ ပြင်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရန် ဒဂုံမောင်မယ်ရေကစားမဏ္ဍပ်​ ပြင်ဆင်



MNP ၊  ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်)သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။


ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ ဒဂုံ​မောင်မယ်​ရေကစားမဏ္ဍပ်၌  သင်္ကြန်ပွဲတော်ကျင်းပရာတွင် အဆိုတော်များ၊ ဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတ​တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့်ကပြ​ဖျော်​ဖြေခြင်း၊ သင်္ကြန်ကာလအကြိုနေ့မှ စတင်ကာနေ့ စဉ်စတုဒီသာများကျွေးမွေးခြင်းများဖြင့် ပျော်ရွှင်စွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွင်ချမ်းမြေ့စေရန်အတွက် မဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် လာ​ရောက်ကြီးကြပ်လျက်ရှိကြပြီး ရေကစားကြခြင်း၊ ဖျော်ဖြေရေးယိမ်းအကအဖွဲ့များဖြင့် ကပြခြင်း၊ စတုဒီသာကျွေးခြင်းများဖြင့် ရိုးရာအစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​သော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)